Connect with us

Education & Health

ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်မည်

ငွေကြေး ထောက်ပံ့မှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ထိုငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို ယခုအခါတွင် ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးထောက်ပံ့မှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ဇန်နဝါရီ ၂၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် လူမှုကာကွယ် စောင့်ရှောက်ရေး နည်းလမ်းဖြစ်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.