Connect with us

Education & Health

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိ

စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ဇန်နဝါရီ ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့််အရေး ဆိုင်ရာဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အရှေ့တောင်အာရှအာဆီယံဒေသတွင်းနိုင်ငံများတွင် မသန်စွမ်းသူ ဦးရေ သန်းပေါင်း ၉၀ ခန့်ရှိပြီး အာဆီယံ ၁၀ နိုင်ငံအနေဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ မိမိတို့ အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ရရှိရေးအတွက် ထိထိ ရောက်ရောက် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်သည့် အခါတွင် အာဆီယံနိုင်ငံများ အချင်းချင်းလည်း ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၏ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး မသန်စွမ်းသူ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြကြောင်း၊ မသန်စွမ်းသူများ၏ နေ့စဉ်လူနေမှုဘဝများသည် အခက်အခဲ အတားအဆီး များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများသည် ၎င်းတို့၏ ချို့ယွင်းအားနည်းမှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင် ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားဆိုင်ရာ၊ အမြင်ပိုင်းဆိုင်ရာနှင့် အခြား အတား အဆီးများဆိုင်ရာ ကြောင့်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ(၂၀၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာတို့ကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသား ကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်ကောင်စီ ကော်မတီများနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.