Education & Health
ကော်ဖီမစ်များ စစ်ဆေးမှု ရလဒ် ထုတ်ပြန်မည့် အချိန်ကို နှစ်လခန့် ရွှေ့ဆိုင်း
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
သံသယဖြစ်ဖွယ် ရှိနေသော ကော်ဖီမစ် စက်ရုံများမှ ကုန်ကြမ်းပစ္စည်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များ အား နိုင်ငံတကာ ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးမည် ဖြစ်သောကြောင့် ကော်ဖီမစ်များ စစ်ဆေးမှု ရလဒ် ထုတ်ပြန်မည့် အချိန်ကို နှစ်လခန့် ရွှေ့ဆိုင်း လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံတကာ ဓာတ်ခွဲခန်း များသို့ ပို့ဆောင် စစ်ဆေးမှုမှာ နှစ်လခန့် ကြာမြင့်မည် ဖြစ်ပြီး မေလကုန်တွင် ထုတ်ပြန် နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
ကော်ဖီမစ်များ ထုတ်လုပ်ရာတွင် အရောအနှော ပါဝင်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းက ၏ ထုတ်ပြန်ချက်အရ ကျန်းမာရေး ဝန်ကြီးဌာနက ကော်ဖီမစ် ထုတ်လုပ်သည့် ကုမ္ပဏီ များအား လိုက်လံ စစ်ဆေး ခဲ့ကြောင်း၊ ကော်ဖီမှုန့် အစစ်အစား တခြား ပစ္စည်းများ အရောအနှော အသုံးပြုသည့် စက်ရုံများ တွေ့ရှိပါက ပိတ်သိမ်းသည် အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)