Connect with us

Education & Health

ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော မုန့်များတွင် ခွင့်မပြုဆိုးဆေးများပါဝင်

စားသုံးရန် မသင့်သော အစားအစာများအား ထုတ်ပြန်ထားသော ကြေညာချက်အား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချသော သကြားလုံး၊ချိုချဉ်နှင့်ဝေဖာ ၁၁ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါ စားသုံးရန် မသင့်သော အစားအစာ အမျိုးအစားများထဲ၌ အာနီလျှာနီပြာ၊ ဘောလုံးပုံ သကြားလုံး၊ တုတ်ထိုးသကြားလုံး၊ ဖော့ချောင်းဝေဖာ၊ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ်(အနီရောင်)၊ တုတ်ထိုးချိုချဉ်(အဝိုင်း)၊ ဝေဖာလုံး(ရောင်စုံ)၊ တရုတ်စာတန်းပါ ရောင်စုံဝေဖာလုံး၊ ရုပ်စုံပါ မလိုင်ခဲ (ရောင်စုံ)၊ ရုပ်စုံပါ မန်ကျည်းပြား တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ ခွင့်မပြုထားသော ဆိုးဆေးများကို လုံးဝသုံးစွဲခြင်း မပြုလုပ်ရန်နှင့် မလိုက်နာပါက အစားအသောက် ဥပဒေပုဒ်မ ၂၁(က)နှင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.