Connect with us

Education & Health

မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ခုနှစ်ခု၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၀၀ကျော်ရှိဟုဆို

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနှစ်ခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၅၈ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် မန္တလေးခရိုင်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွား သူဦးရေမှာ ၄ဝ၈ ဦးရှိပြီး မြင်းခြံခရိုင် တွင် ၅ဝ၊ ပြင်ဦးလွင်ခရိုင်တွင် ၄၄ ဦး၊ ညောင်ဦးခရိုင်တွင် ၂ဝ၊ ကျောက်ဆည်ခရိုင်တွင် ၁၆ ဦး၊ ရမည်းသင်း ခရိုင်တွင် ၁၅ ဦးနှင့် မိတီ်္ထလာခရိုင်တွင် ငါးဦး ဖြစ်ပွား နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေး)အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေး ခြင်းလုပ်ငန်းများ၊ အဘိတ်ဆေး ခတ်ခြင်း၊ Fogging ဆေးမှုတ်ခြင်း၊ Case Base Management ပြုလုပ် ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို မေလမှ စတင်လုပ်ဆောင်ခဲ့သည့်အပြင် ယခု ဇူလိုင်လအတွင်း၌လည်း မြို့နယ် ၂၈ မြို့နယ်မှ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း ခေါင်းဆောင်များအား သွေးလွန် တုပ်ကွေးရောဂါနှင့်ပတ်သက်၍ သိကောင်း စရာများကို သင်တန်း ပို့ချပေးခဲ့ပြီး ၎င်းတို့မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် သင်တန်းများ ပြန်လည်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၌ ၂ဝ၁၆ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၄ဝ၁ ဦး ရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.