Education & Health
ဇီကာဗိုင်းရပ်ပိုး ပြန့်ပွားနေသဖြင့် စင်ကာပူသို့ ကိုယ်ဝန်ဆောင်မိခင်များ မလာရောက်ရန် မြန်မာသံရုံး ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ဇီကာဗိုင်းရပ်ပိုး ပြန့်ပွားနေသဖြင့် စင်ကာပူသို့ ကိုယ်ဝန်ဆောင်မိခင်များ မလာရောက်ရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ အသိပေးထုတ်ပြန်လိုက်သည်။
စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ပိုး ပြန့်ပွားကူးစက်နေမှုကြောင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကိုယ်ဝန်ဆောင်ရန ်ရည်ရွယ်ထားသည့် မိခင်လောင်းများ ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်မှုကို ခေတ္တရပ်ဆိုင်းထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်၌ စင်ကာပူရောက် မြန်မာနိုင်ငံသားတစ်ဦး သြဂုတ် ၃၀ရက်တွင် ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံနေရသော်လည်း ရောဂါသက်သာမှုရှိလာပြီး အနီးကပ်စောင့်ကြည့် လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)