Connect with us

Education & Health

တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်ရန် ကျောင်းသား/သူ ၁၀၈ ဦး ထပ်မံ ရွေးချယ် စေလွှတ်

တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ များနှင့် အခမ်းအနား တက်ရောက်သည့် ဧည့်သည်တော်များ စုပေါင်း ဓာတ်ပုံရိုက်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ပညာတော်သင် ဖောင်ဒေးရှင်း ကော်မတီ မှ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး မှ ကျောင်းသား/သူ ၁၀၈ ဦး အား တရုတ် နိုင်ငံ သို့သွားရောက် ပညာတော်သင်ရန် ထပ်မံရွေးချယ် ခဲ့ပြီး ၎င်းတို့အား ပို့ဆောင်နှုတ်ဆက်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယဉ်ကျေးမှု သံရုံး တွင် ပြုလုပ်ခဲ့သည်။ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် Mr. Hong Liang ၊ အဆင့်မြင့် ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါတ်တာ သိန်းဝင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာတော်သင် သွားမည့် မောင်မယ် များ တက်ရောက်ခဲ့ပါသည်။

တရုတ် သံအမတ်ကြီး ဟုန်လျန် က ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ သို့ အတူသွားရောက် ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ အရေးကြီးသော သဘောတူညီမှုများရရှိကာ ပညာရေး ကဏ္ဍ ပူူးပေါင်းဆောင်ရွက်သွားရန်လည်း ပါဝင် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်စဉ် မြန်မာ နိုင်ငံအား တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက် နိုင်ရန် အခွင့်အလမ်း ၂၀၀၀ ဦး ထောက်ပံ့ပေးခဲ့ကြောင်း ၊ လက်ရှိချိန် တွင် တရုတ် သံရုံး အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီး တို့တွင် မူလတန်း နှင့် အလယ်တန်း ကျောင်း ၁၀ ကျောင်း တည်ဆောက်ရန် ကူညီ ထောက်ပံ့နေကြောင်း ၊ ထို့ပြင် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ထောက်ပံ့ကြေး ၊ တရုတ် နိုင်ငံ သို့ သွားရောက် ပညာတော်သင်သည့် ကျောင်းသား/သူ များအတွက် ဆုကြေး နှင့် ထောက်ပံ့ကြေး ၊ မြန်မာ နိုင်ငံရှိ ထူးချွန်ကျောင်းသား/သူ များအား ပညာရေး ဆုံးခန်းတိုင်အောင် ကူညီထောက်ပံ့ခြင်း များ ပြုလုပ်နေကြောင်း ၊ ပညာတော်သင် ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ၏ ထူးခြားသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို လေ့လာပြီး အမိ နိုင်ငံ ကို ပိုမို ကောင်းမွန်စွာ အကျိုးပြု သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။
ဒေါက်တာ သိန်းဝင်း က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ နှင့် အခြား ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့သွားမည် ကို သိရှိခဲ့ရသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ၊ မိမိ တို့လေ့လာမည့် အကြောင်းအရာများကို ထူးချွန်ပေါက်မြောက်အောင် ဆောင်ရွက်ပြီး နိုင်ငံ၏ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ များတွင် မိမိ တတ်မြောက်လာသည့် အသိပညာ ကျွမ်းကျင်မှု များဖြင့် ကျရာ အခန်းကဏ္ဍ ကနေ ပါဝင် ဆောင်ရွက်သွားရန် မှာကြားကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖလှယ်မှု ဖွံ့ဖြိုးရေးကို တိုးမြှင့်အောင် ဆောင်ရွက်ပေးလျက်ရှိသည့် တရုတ်ပြည်သူ သမ္မတ နိုင်ငံအား ကျေးဇူး ဥပကာရ များစွာတင်ရှိကြောင်း ပြောကြား ခဲ့သည်။
ယခု တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ ၁၀၈ ဦးသည် လာမည့် စက်တင်ဘာ လတွင် မြန်မာ နိုင်ငံ မှ စတင်ထွက်ခွာမည် ဖြစ်ပြီး တရုတ် နိုင်ငံ ရှိ တက္ကသိုလ် ပေါင်း ၂၀ ကျော်တွင် သွားရောက် ပညာ သင်ယူ ကြမည် ဖြစ်သည်။ တရုတ် နိုင်ငံ သို့သွားရောက် ပညာတော်သင်မည့် ကျောင်းသား/သူ များကို ပညာရေး ဝန်ကြီးဌာန ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ တရားသူကြီးချုပ်ရုံး ၊ စည်ပင်သာယာ နှင့် အခြားဌာန ဆိုင်ရာများမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။၂၀၁၆ ခုနှစ် အတွင်းတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် တရုတ် နိုင်ငံ သို့ ပညာတော်သင် ၄၆ ဦးစေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.