Education & Health
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမည်
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) နှင့် ဗကသများ အဖွဲ့ချုပ် (မြေလတ်ဒေသ) တို့ ပူးပေါင်းပြီး အသစ် ဖွဲ့စည်းလိုက်သော နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နကသ) နှင့် ပညာရေးဝန်ကြီးတို့ မေလ ၂၉ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ကျောင်းသားများသည် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၏ ဖိတ်ကြားချက်အရ တွေ့ဆုံမည်ဖြစ်ပြီး ပညာရေး ဥပဒေ ရှေ့ဆက် သွားရာ၌ ပါဝင်သွားရန်၊ အဆင့်မြင့်ပညာရေး ဥပဒေအတွင်း ကျောင်းသားသမဂ္ဂများ တရားဝင် မပါလာခင် ကျောင်းတိုင်း၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရန်နှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်လုပ်ခွင့် ရရှိရန် ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။ (Xinhua)