Connect with us

Education & Health

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ/ ဆရာမများကို ထောက်ပံ့ငွေ နှစ်ဆ တိုးမြှင်‌့ ထောက်ပံ့ ပေးနိုင်ရန် စီစဉ်

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ/ ဆရာမများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှစပြီး လက်ရှိ ထောက်ပံ့ ပေးနေသည့် ထောက်ပံ့ငွေ၏ နှစ်ဆ တိုးမြှင်‌့ထောက်ပံ့ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ယနေ့ မေလ ၁၈ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အခမဲ့ မူလတန်း ပညာရေး စနစ်ကို စတင် ကျင့်သုံးနေပြီ ဖြစ်ရာ ကလေးငယ်များ၏ ပညာရေး တိုးတက်အောင် ဆရာ၊ ဆရာမများ အားသွန် ခွန်စိုက် ဆောင်ရွက်နိုင်ရန် ဘုန်းတော်ကြီးသင် ပညာရေး ဆရာ၊ ဆရာမ များ၏ လစာကို အစိုးရ မူလတန်း ဆရာ၊ ဆရာမများ နည်းတူ တိုးမြှင့် ပေးဆောင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ စလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံဦး၏ မေးမြန်းမှုအား ထိုသို့ ဖြေကြားခဲ့ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော် ဘဏ္ဍာငွေ အဆင်ပြေလာသည် နှင့်အမျှ ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း စုစုပေါင်း ၁,၅၆၈ ကျောင်းရှိပြီး ဆရာ/ဆရာမ ၇,၇၇၀ ဦး နှင့် ကျောင်းသား/သူပေါင်း ၃၀၁,၂၀၉ ဦး ရှိကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စီမံကိန်းနှင့် ဘတ်ဂျက် လုပ်ငန်းများကို စိစစ်ရာတွင် ပိုလျှံငွေ ကျပ် ၃ ဘီလီယံကို ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ဆရာ/ဆရာမများအား လစာငွေ မဟုတ်ဘဲ ထောက်ပံ့ ချီးမြှင်ငွေ အဖြစ် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.