Education & Health
မကွေးတိုင်းဒေသကြီးသည် ကျန်းမာရေးစောင့်ရှောက်မှု စံနမူနာပြတိုင်း ဖြစ်လာရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးမည်
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီးသည် ကျန်းမာရေးစောင့်ရှောက်မှု စံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာ စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးပေးကာ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို မြင့်မားစေရေးကိုလည်း အစိုးရအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပိုမိုကောင်းမွန်စေရေးနှင့် စံနမူနာပြတိုင်း ဒေသကြီးဖြစ်စေရန်အတွက် ယခုလက်ရှိ တိုင်းဒေသကြီး၏ ကျန်းမာရေးစနစ်၊ ဝန်ထမ်းနှင့် ဌာနဖွဲ့စည်းပုံ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ ဆန်းစစ်သုံးသပ်၍ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ယခုထက်ပိုမို မြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် ဝန်ထမ်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)