Education & Health
မှိုဆိပ်တစ်မျိုးပါဝင်သော ငရုတ်သီးမှုန့် ၅ မျိုး ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးကြီးအ တွင်း ဈေးကွက်အတွင်းရှိ ငရုတ်သီး မှုန့် (၅) မျိုးတွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် စစ်ဆေး ခြင်းကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန် လိုက်လံစစ်ဆေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်း ဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ဖြိုး၏ ညွှန်ကြား ချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေး ကော်မတီများအနေဖြင့် အာဏာပိုင် အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်း များဖြင့် ပေါင်းစပ်၍ သိမ်းဆည်းဖျက်ဆီးရန်နှင့် မြို့မဈေးကြီးအတွင်း ရောင်းချခြင်း မပြုရန်၊ လာရောက်ပို့ ဆောင်ပါက ဈေးတာဝန်ခံရုံးသို့ အကြောင်းကြားရန် လိုက်လံ၍ အသိပညာပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များ ဖြစ်သည့် “စံပယ်ဦး၊ ရွှေ၊ရတနာ၊ မူမူဆွေ နှင့်ဖိန်ဖိန် အမှတ်တံဆိပ်များသည် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါဝင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ရောင်းချမှု မရှိစေရေး၊ စစ်ဆေးတွေ့ရှိပါက မီးရှို့ဖျက်ဆီး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)