Connect with us

Education & Health

ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို ဇန်နဝါရီလတွင် ဆောင်ရွက်မည်

စာတတ်မြောက်ရေးလှုပ်ရှားမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို လာမည့်နှစ် ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးနောက် အောက်တိုဘာလ တွင်

ကယားပြည်နယ် အတွင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယခုအခါ ဒုတိယ အကြိမ်အဖြစ် ရှမ်းပြည်နယ်၌ သင်ကြားပေး ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူ အရေအတွက် ၃၅ သိန်းကျော်ရှိပြီး စာမတတ်သူ အများဆုံး ရှိသည့်ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ကာ စာမတတ်သူ ၁၃၁၄၅၇ဝ ဦးရှိကြောင်းနှင့် အသက် ငါးနှစ်အရွယ် ကျောင်းနေ ကလေး ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ထို့ပြင် အသက် ကိုးနှစ်နှင့် ၁၂ နှစ်ကြား ကလေးငယ် ၇ဝ ရာခိုင်နှုန်းသာ စာသင်ကြားလျက် ရှိပြီး အသက် ၁ဝ နှစ်နှင့် ၂ဝ နှစ်ကြားတွင် စာသင်ကြားသူ အရေအတွက် ဆက်တိုက်ကျဆင်း နေကာ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေး များသည် ပညာဆက်လက် မသင်ဘဲ ကျောင်းထွက် သည်ကို တွေ့ရှိရကြောင်း ၂ဝ၁၄ လူဦးရေ နှင့်အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်း မှတ်တမ်းပါ ဖော်ပြချက်များ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.