Connect with us

Education & Health

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးနှုန်းများပြား

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး သေဆုံးမှုနှုန်း များပြားနေကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်းသည် ယခင်နှစ်ကထက်သုံးပုံတစ်ပုံကျော်လျော့ကျခဲ့သော်လည်း သေဆုံးနှုန်းမှာ ၂၀၁၅ ဇန်နဝါရီမှ မေလအ ထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၆၈ဦးနှင့်သေဆုံးသူ ခြောက်ဦး ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှ မေလ ၂၄ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၈၄ ဦးနှင့် သေဆုံးသူ လေးဦးအထိရှိလာပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတောင်၊ ဒဂုံဆိပ် ကမ်း၊ သာကေတ၊ ဒဂုံအရှေ့၊ တောင်ဥက္ကလာပ၊ ဒဂုံမြောက်စ သည့် ခြောက်မြို့နယ်အပါအဝင် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဒေါ ပုံ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင်လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းများတွင် ခြင်ကျား ကင်းစင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့ရှိ ဆေးရုံ ကြီး ၁၀ ခု၌ သွေးလွန်တုပ်ကွေးလူနာ အခြေအနေသတင်းအချက်အလက် ကောက်ယူခြင်းနှင့် ဖြစ်ပွားမှုများသော ဒေသများတွင် လောက်လမ်းနှိမ်နင်းရေးလုပ်ငန်း များနှင့် ပညာပေးခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.