Connect with us

Education & Health

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး ၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၇၈၁ ဦးရှိ

သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် အေးဒိစ်ခြင်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ လက်ရှိအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး ၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၇၈၁ ဦးရှိပြီး သေဆုံးသူ ၅ ဦးရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ စာရင်းထုတ်ပြန်ချက်အရသိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အရ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၆၇ဝ၂ ဦးတွင် သေဆုံးသူ ၃၆ ဦးရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖြစ်နည်းကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ်က မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါမှာ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး၏ ဆေးရုံမှတ်တမ်း များအရ ဖြစ်ပွားသူ ဦးရေ ၄ဝဝဝဝ ကျော်ရှိကာ ၁၅ဝ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်း ဒေသကြီး ဖြစ်ပြီး အနည်းဆုံးမှာ ချင်းပြည်နယ် ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသော အေးဒိစ်ခြင်ကျား ကိုက်ရာမှ ဖြစ်ပေါ်ပြီး အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါလက္ခဏာ များမှာ နှစ်ရက်မှ ခုနစ်ရက် အထိ အပြင်းဖျားခြင်း၊ ခန္ဓာကိုယ်၌ အနီစက်များ ထွက်ပေါ်ခြင်း၊ အော့အန်ခြင်းများ ဖြစ်ပေါ်ခြင်း အပြင် ဖျားရာမှ ရုတ်တရက် အဖျားကျသွားကာ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ မှိန်းနေခြင်း၊ ကယောင်ကတမ်း ပြောဆိုခြင်း၊ အန်စဉ် သွေးပါခြင်းနှင့် ဝမ်းမည်းများ သွားခြင်းတို့ ဖြစ်တတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.