Connect with us

Education & Health

အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြု

ပြည်ထောင်စုလွှတ်တော်အစည်းဝေးမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ အဖွဲ့က ပေးပို့လာသည့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ ရှင်းလင်း တင်ပြလာခြင်းကို စက်တင်ဘာလ ၁၆ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

ထိုကော်မရှင်၏ တာဝန်များမှာ အမျိုးသားပညာရေးဆိုင်ရာ ရည်မှန်းချက်များနှင့် မူဝါဒများ ချမှတ်ခြင်း၊ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သော အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီ၊ ဥပဒေပါ ပုဒ်မ ၂၇ အရ ဖွဲ့စည်းထားသော ကော်မတီ၊ အခြား လိုအပ်သော ကော်မတီ၊ ကောင်စီနှင့် အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးခြင်း၊ ပညာရေး စနစ်နှင့် ပညာရေး ဆိုင်ရာ မူဝါဒများ၊ ပညာရေး ဆိုင်ရာ စီမံကိန်းများ အကောင်အထည် ဖော်နိုင်မှု အပေါ် အကဲဖြတ် သုံးသပ်ခြင်းနှင့် အကြံပြုုု ုခြင်း၊ အရည်အသွေး အာမခံမှု စံချိန် စံညွှန်းများ သတ်မှတ်နိုင်ရန် မူဝါဒများ ချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်း၊ ပညာရေး ကဏ္ဍအတွက် အစိုးရအဖွဲ့ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များထံမှ ငွေကြေးနှင့် အထောက်အပံ့များ ရရှိရန် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ပညာရေး ကဏ္ဍအတွက် ပြည်တွင်း ပြည်ပမှ ငွေကြေးနှင့် အထောက်အပံ့များ ရယူ သုံးစွဲနိုင်ရန် အလို့ငှာ မူဝါဒများ ချမှတ်ပေးခြင်း၊ ကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်းနှင့် ပိတ်သိမ်းခြင်း ဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဌာနများက ပြုစု တင်ပြသော ပညာရေး ဆိုင်ရာ စီမံကိန်း များနှင့် စပ်လျဉ်းပေါင်းစပ် ညှိနှိုင်းပေးခြင်း၊ ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက် များကို ပြည်ထောင်စု လွှတ်တော်နှင့် အစိုးရ အဖွဲ့တို့ထံ အနည်းဆုံး ခြောက်လ တစ်ကြိမ် အစီရင် ခံ တင်ပြခြင်း တို့ဖြစ်ကြသည်။

အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်းကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တင်ပြခဲ့ရာ အဆိုပါ ကော်မရှင်ကို ပုဂ္ဂိုလ် ၂၁ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်းပြောကြားခဲ့သည်။အဆိုပါ ကော်မရှင် ဖွဲ့စည်းခြင်းသည် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၅ နှင့် အညီ ဆောင်ရွက်ထားခြင်းြ့ဖစ်သောကြောင့် လွှတ်တော်အနေဖြင့် တစ်စုံတစ်ရာ ကန့်ကွက်ရန် မလိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားပြီး ထိုကော်မရှင် ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ အမည်စာရင်းကို အတည်ပြုကြောင်း ကြေညာခဲ့သည်။ (Xinhua)