Connect with us

Education & Health

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှစ်သိန်းကိုးသောင်းကျော် လျှောက်ထား

၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ထွက်လာကြသည့်ကျောင်းသား၊ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိ လျှောက်ထားသူဦးရေမှာ ရှစ်သိန်းကိုးသောင်းကျော် ရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။

အဆိုပါစာမေးပွဲကို ၂ဝ၁၉ ခုနှစ် မတ် ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပရန် ထုတ်ပြန်ကြေညာထားပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုရန် လျှောက်ထား သူဦးရေမှာ လက်ရှိစာရင်းများအရ ၈၉၆ဝ၁၂ ဦးရှိရာ ယမန်နှစ်ထက် ဖြေဆိုသူ ဦးရေ ငါးသောင်းကျော် ပိုမိုများပြားလာ ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ် မတ်လတွင် ကျင်းပ မည့် တက္ကသိုလ်ဝင်စာမေးပွဲ အတွက် ဖြေဆိုရန် လျှောက်ထားသူများအနက် ရန်ကုန် တိုင်းဒေသကြီးမှ တစ်သိန်းသုံး သောင်းဝန်းကျင်ဖြင့် အများဆုံး လျှောက်ထားကြပြီး ဒုတိယအများဆုံး အဖြစ် မန္တလေး တိုင်းဒေသ ကြီးမှ တစ်သိန်းနှစ်သောင်းကျော် လျှောက် ထားကာ စစ်ကိုင်း တိုင်းဒေသကြီးမှ တစ်သိန်းနှစ်သောင်း ဝန်းကျင်ဖြင့် တတိယ အများဆုံး လျှောက်ထားကြပြီး ဖြေဆိုသူဦးရေ များပြားလာသည့် အလျောက် စာစစ်ဌာနများလည်း နှစ်စဉ် ၁ဝဝ ကျော် တိုးချဲ့ ဖွင့်လှစ်ပေးနေကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် နှစ်စဉ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဝင်ရောက်ဖြေဆိုကြသည့် စာရင်းများ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ၆၃၂၃၁၄ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၆၇၁၄၃၁ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၇၆၇၄၂၂ ဦး၊ ၂ဝ၁၈ ခုနှစ် တွင် ၈၄၄၃၅၈ ဦးနှင့် ၂ဝ၁၉ ခုနှစ်တွင် ဖြေဆိုရန် လက်ရှိစာရင်းများအရ ၈၉၆ဝ၁၂ ဦး လျှောက်ထားခဲ့ကြရာ နှစ်စဉ်ဖြေဆိုသူဦးရေ တိုးတက်များပြား လာသည့်အလျောက် စာစစ်ဌာနများ ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၅ ခုနှစ်တွင် ၁၃၇၆ ခု၊ ၂ဝ၁၆ ခုနှစ် တွင် ၁၄၇ဝ ၊ ၂ဝ၁၇ ခုနှစ်တွင် ၁၅၉၄ ခု၊ ၂ဝ၁၈ ခုနှစ်တွင် ၁၇၄၁ ခုနှင့် ယခု ၂ဝ၁၉ ခုနှစ်အတွက် ဖြေဆိုရန် စာစစ် ဌာနပေါင်း အနည်းဆုံး ၁၈၈ဝ ဖွင့်လှစ် ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.