Connect with us

Education & Health

မြန်မာနိုင်ငံ၌ မွေးစမှ အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးမှု ၅၁ ရာခိုင်နှုန်းသာရှိ

မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းလုပ်ငန်းများ မြှင့်တင်ရေးအစည်းအဝေး ကျင်းပစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လေ့လာဆန်းစစ်မှုများအရ ကလေးငယ်များအား မွေးစမှ အသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် (၅၁.၂) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အသက် (၂)နှစ်အောက် ကလေးငယ်များတွင် သွေးအားနည်းရောဂါ များပြားလျက် ရှိနေသဖြင့် ကလေးငယ် အသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းနှင့် အသက် (၂)နှစ်အရွယ်အထိ ဖြည့်စွက်စာနှင့် မိခင်နို့စနစ် တကျတိုက်ကျွေးခြင်းကို အားဖြည့်ဆောင်ရွက်ရန်မှာ လွန်စွာ အရေးကြီးကြောင်း ၎င်းက ဆိုသည်။

မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှုပိုမိုကောင်းမွန်လျင် အကျိုးရလဒ်ပိုမို ကောင်းမွန်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

နိုင်ငံတကာ လေ့လာမှုများအရ မိခင်နို့စနစ် တကျတိုက်ကျွေးခြင်းဖြင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ကလေးသေဆုံးမှု (၈)သိန်းခန့် နှင့် မိခင်သေဆုံးမှု (၂)သောင်းခန့် ကိုကာကွယ်နိုင်ပြီး ငွေကြေးကုန်ကျမှု အနေဖြင့်လည်း အမေရိကန် ဒေါ်လာ (၃၀၀) ဘီလီယံခန့် သက်သာလျော့ပါး နိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး မိခင်နို့စနစ်တကျတိုက်ကျွေးခြင်း မူဝါဒရေးရာ အစီရင်ခံစာ (Becoming Breastfeeding Friendly Policy Report) ကို ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.