Connect with us

Education & Health

မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၈ ရာခိုင်နှုန်း နီးပါးရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ကျောင်း၏ ဇွန်လ ၃ ရက် နံနက်ပိုင်းက ကျောင်းတက်ချိန်မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးအနေဖြင့်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်ရာခိုင်နှုန်းသည် ၅၈ ရာခိုင်နှုန်း နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့(ဇွန် ၁၁ ရက်) ထုတ်ပြန်သော စာရင်းများအရ သိရသည်။၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ (ဇွန်လ ၁၁ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းဖြင့် ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြား စာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၁၂၈,၈၂၀ ဦး ဝင်ရောက် ဖြေဆိုရာ အောင်မြင်သူ ၇၄,၅၉၂ရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ တစ်သိန်း ခြောက် သောင်းကျော်ရှိခဲ့ရာ တစ်သိန်း တစ်သောင်း နီးပါး အောင်မြင်ခဲ့သည့်အတွက် ယခင်နှစ် အောင်ချက် ရာခိုင်နှုန်းသည် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိခဲ့သည်။ (Xinhua)