Connect with us

Education & Health

မြန်မာနိုင်ငံတွင် အီးစီးကရက်များ တင်သွင်းရောင်းချခြင်းတို့ကို တားမြစ်မိန့်ထုတ်ပြန်

အီးစီးကရက်များကိုင်ထားသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အီး-စီးကရက် (အီလက်ထရွန်းနစ်စီးကရက်)၊ အီး-ရှီရှာနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။မည်သူမဆို အီး-စီးကရက် (အီလက်ထရွန်းနစ်စီးကရက်)၊ အီး-ရှီရှာနှင့် ဆက်စပ်ကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျန်းမာ‌ရေးဝန်ကြီးဌာနအနေဖြင့် ၎င်းကုန်စည်တို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၉ အရ တားမြစ်မိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။အီး-စီးကရက်သည် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများရှိ လူငယ်များကြားတွင်လည်း ပေါ်ပြူလာဖြစ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်း၏ ပြောကြားချက်အရ သိရသည်။

“လူငယ်အများစုက အီး-စီးကရက်ကို ဖက်ရှင်တစ်ခုအနေနဲ့ သုံးစွဲလာကြပြီး စီးကရက်တော့မသောက်ဘူး သူ့ထက်အန္တရာယ်နည်းတဲ့ အီးစီးကရက်ကို သောက်ကြတယ်ဆိုတဲ့ သဘောမျိုးတွေများလာတယ် ” ဟု ၎င်းက ဆိုသည်။“ပြီးတော့ အီး-စီးကရက်ဟာ ပုံမှန်သောက်နေကျ စီးကရက်ထက် အန္တရာယ်ပိုနည်းတယ်လို့ တော်တော်များများက ယုံကြည်နေကြပေမဲ့ အဲဒါက လုံးဝမှားပါတယ်။ အီး-စီးကရက်ဟာ အဆုတ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး အလွန်စွဲလမ်းစေတဲ့ နစ်ကိုတင်းဓာတ်၊ သတ္တုနဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေ ပါဝင်ပါတယ်” ဟု ၎င်းက ပြောသည်။အထူးသဖြင့် လူငယ်များအပါအဝင် အများပြည်သူကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ယခုတားမြစ်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)
——————————–
English Version
Yangon (AAA022038) Myanmar bans import, sale and use of e-cigarettes
YANGON, Feb. 20 (Xinhua) — Myanmar has banned the import, sale and use of e-cigarettes (electronic cigarettes), e-shisha and related accessories, according to the Ministry of Health on Friday.
The ban was issued by the Ministry of Health under authorization from the Cabinet on Feb. 18, prohibiting the importation, exportation, sale, possession, storage, carrying, distribution, use and consumption of e-cigarettes and related accessories, as well as electronic shisha.
The ban is enforced under the Essential Supplies and Services Law, the ministry said.
Dr. Kyaw Kan Kaung, Deputy Director General of the Department of Public Health, said e-cigarettes have become increasingly popular among young people, not only in Myanmar but also in other countries.
“Many young people use e-cigarettes as a trend and think they are a substitute for conventional cigarettes,” he said.
“Many also believe e-cigarettes are less dangerous than cigarettes, but that is completely wrong. E-cigarettes can directly damage the lungs and contain highly addictive nicotine, heavy metals and other toxic substances.”
The ban was imposed to protect public health, particularly among young people, he added. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.