Connect with us

Environment, Disasters & Accidents

ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁ သိန်းကျော် သိုလှောင် ထားရှိမည်

ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံခြားသို့တင်ပို့မည် ဆန်အိတ်များ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝ ဘေးဒဏ်ကြုံတွေ့နေရသည့်အတွက် ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁၇၀,၀၀၀ သိုလှောင်ထားရှိ သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် အရန်ဆန်များကို ရန်ကုန် ၊ မန္တလေး ၊ မြောင်းမြ ၊ ကျိုက်လတ် ၊ နေပြည်တော်တို့ တွင် ထားရှိသွားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပူးပေါင်း စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အရန်ဆန် သိုလှောင်ထားရှိမှုမှာ ကောင်းမွန်သည့် ကာကွယ်မှုတစ်ခု ဖြစ်ပြီး အကယ်၍ အင်မတန် ဆိုးရွားသည့် အနေအထား ဆန်ပြတ်လပ်မှုမျိုး ဖြစ်ပေါ်ပါက အခြားနိုင်ငံများမှ တင်ပို့မှုများကို ခွင့်ပြုပေးရန် နိုင်ငံတော်၏ ခွင့်ပြုချက်ကို ရယူထားကြောင်း ၊ တိုင်းပြည်အတွက် ဆန်စပါး ရိက္ခာ ပူပန် စရာမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံတွင် ရေကြီး နစ်မြုပ်သည့် ဧရိယာမှာ ဧက ၁ သန်းခန့်ရှိပြီး ရေကြီး နစ်မြုပ်မှုဒဏ် မခံရသည့် ဆန်စပါး စိုက်ဧရိယာ ၁၅ သန်းခန့်ကျန်ရှိသည့် အတွက် ယင်းနေရာများတွင် အထွက်နှုန်း ကောင်းမွန်စေရန် အားပေးကူညီပြီး ဆောင်ရွက်ရမည့် အပိုင်းများကို စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆက်စပ် လုပ်ဆောင်သွားရန် ရှိကြောင်းလည်း သိရသည်။ (Xinhua)