Environment, Disasters & Accidents
ဖားကန့်၌ စွန့်ပစ်မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးသေဆုံး
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာအနီးရှိ တစ်သုံးလုံးကုမ္ပဏီအဟောင်းတွင် မေ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်က ပေ ၅ဝ ခန့်ရှိ စွန့်ပစ်မြေစာပုံပြိုကျခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြေစာပုံပြိုကျရာနေရာသို့ ဖားကန့် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဆိပ်မူ ကျေးရွာ မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ခါလူမှုကူညီရေး အသင်း တို့က ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ကာ သေဆုံးသည့်ရုပ် အလောင်းအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖားကန့်၌ မေ ၂ဝ ရက်နေ့တွင် မြေစာပုံပြိုကျကာ ကျောက်ကမ်းပါးယံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။(Xinhua)