Connect with us

Environment, Disasters & Accidents

ဖြူးမြို့အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၅.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဖြူးမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီ တွဒ် (၁၈.၃၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၅.၁)အဆင့်ရှိ အင်အားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ဧပြီလ ၂၄ ရက် ယနေ့ည (၁၈)နာရီ (၅၃)မိနစ် (၃၄)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက “ဒီငလျင်ကို ဖြူးမြို့ ကခံစားမိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အင်အားအသင့်အတင့်ဆိုပေမယ့် ပျက်စီးဆုံးရှုံးမှုတော့ မရှိနိုင်ဘူးလို့ထင်တယ်” ဟုဆင်ဟွာကိုပြောသည်။ယနေ့ နံနက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အင်အား ၅.၃ အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ရှားခဲ့ပြီး ယခုငလျင်သည် ယနေ့ တွင် ဒုတိယအကြိမ်မြောက်လှုပ်ရှားခဲ့သည့် ငလျင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.