Environment, Disasters & Accidents
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၀)ရွာမှ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးမှုဖြစ်ပွား
ရန်ကုန်၊ မေ၁၅ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၁၀)ရွာမှ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက် ညနေ ၇ နာရီ ၁၅ မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းကျေးရွာများမှ စာသင်ကျောင်း(၁)ကျောင်း၊ လူနေအိမ်နှင့် အခြားအဆောက်အဦ(၄၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၂)လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် ကုက္ကိုခွအုပ်စု ဂျုတ်ကုန်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ဝါးခြမ်းကာအုပ်စု ဝါးခြမ်းကာကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ စာသင်ဆောင်(၁)ဆောင်နှင့် လူနေ အိမ်(၂၃)လုံး၊ လယ်သာ(၁)အုပ်စု မီရှောင်ကုန်းကျေးရွာတွင် လူနေအိမ်(၄)လုံးနှင့် သိမ်ကုန်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ဟင်္ဂရော်အုပ်စု ဟင်္ဂရော်ကျေးရွာတွင် လူနေအိမ်(၂)လုံးနှင့် စံပြကျေးရွာတွင် လူနေအိမ်(၄)လုံး၊ စစ်တားအုပ်စု သီးပင်ဝိုင်းကျေးရွာတွင် လူနေအိမ်(၂)လုံးနှင့် ငှက်ပျောတောကျေးရွာတွင် လူနေအိမ်(၇)လုံး၊ မြို့ကိုင်းကျေးရွာတွင် လူနေအိမ် (၃)လုံး၊ ဝါးခြမ်းကာအုပ်စု စမုံရွာမကျေးရွာတွင် လူနေအိမ်(၁)လုံး စုစုပေါင်းလူနေအိမ် (၄၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဝါးခြမ်းကာအုပ်စု စမုံရွာမကျေးရွာ တွင် လူနေအိမ်(၂)လုံး ပြိုကျခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)