Connect with us

Environment, Disasters & Accidents

မာန်အောင် လေဆိပ်၌ လေယာဉ် ဆင်းသက်စဉ် လေယာဉ် ညာဘက် ဘီးပေါက်သွားခဲ့ရာ ခရီးသည်နှင့် လေယာဉ် ဝန်ထမ်းများ ထိခိုက်မှု မရှိ

လေယာဉ်ဘီးပေါက်ခဲ့သည့် Cessna Caravan လေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar National Airlines)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ရန်ကုန်အပြည်ပြ ည်ဆိုင်ရာ လေဆိပ်မှ မာန်အောင် လေဆိပ်သို့ ယနေ့နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် Cessna Caravan လေယာဉ်သည် မာန်အောင် လေဆိပ်သို့ ရောက်ရှိ ဆင်းသက်စဉ် လေယာဉ်၏ ညာဘက်ဘီး ပေါက်၍ ရပ်တန့်ခဲ့ရသော်လည်း ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းများထိ ခိုက်မှု မရှိကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

လေယာဉ်တွင် ပါလာသည့် ခရီးသည် ကျား (၄) ဦး၊ မ (၃)ဦး၊ သံဃာ (၁) ပါး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ လေယာဉ် အား ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB114 ဖြင့် ရန်ကုန်အပြည်ပြ ည်ဆိုင်ရာ လေဆိပ်မှ မာန်အောင် လေဆိပ်သို့ Cessna Caravan လေယာဉ်ဖြင့် နံနက် ၇ နာရီ ၄၇ မိနစ် အချိန်တွင် ထွက်ခွာခဲ့ရာ မာန်အောင် လေဆိပ်သို့ ရောက်ရှိ ဆင်းသက်စဉ် လေယာဉ်၏ ညာဘက်ဘီးပေါက်၍ ကွင်း၏ ညာဘက်သို့ ဆွဲ၍ ရပ်တန့် ခဲ့ရကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.