Connect with us

Environment, Disasters & Accidents

အင်းလေးကန် အတွင်း စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့်ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများအား လျှော့ချနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက်မည်

အင်းလေးကန်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဆီယံ အမွေအနှစ် စာရင်းဝင်တစ်ခု အဖြစ် သတ်မှတ်ခံထား ရသည့် အင်းလေးကန် အတွင်း စက်လှေများမှ ထွက်ရှိသော မီးခိုးငွေ့များကြောင့် ဖြစ်ပေါ် လာနိုင်သည့် လေထု၊ ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို Noice & Air Pollution Reduction Pilot Project ဟုအမည် ပေးထားပြီး အင်းလေးဒေသ ခရီးသွား ပို့ဆောင်ရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်သည့် လေထု၊ ရေထု ညစ်ညမ်းမှုနှင့် အသံဆူညံမှု များကို လျှော့ချနိုင်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် အတွင်း စက်လှေ အစင်းရေ ၃ဝ ခန့်ဖြင့် စတင် ဆောင်ရွက်မည် ဖြစ်ပြီး အင်းဒေဝီကန် လှေလုပ်ငန်း အဖွဲ့က စက်ပိုင်းဆိုင်ရာ နည်းပညာနှင့် အသိပညာပိုင်း ဆိုင်ရာ နည်းပညာ များ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.