Environment, Disasters & Accidents
မာရသာမုန်တိုင်းကြောင့် ကျောက်ဖြူခရိုင်တွင် လူနှင့်အခြားဆုံးရှုံးမှု မရှိ
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် မာရသာမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျောက်ဖြူ(IDP)စခန်း၊ (၈)ခန်းတွဲ လူနေ အိမ်အဆောက် အဉီး(၁)လုံး၊ မာန်အောင်မြို့နယ်တွင် စာသင်ကျောင်း (၆)ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ မြို့နယ်ပြည်သူ့ဆေး ရုံခေါင်မိုး၊ လူနေအိမ်(၇)လုံး၊ အခြား အဆောက်အဦး(၂)ခု ထိခိုက် ပျက်စီး ခဲ့ကြောင်း၊ လူနှင့်အခြားဆုံးရှုံးမှု မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
မုန်တိုင်းအပြီးမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တွင် ဧပြီလ(၁၆)ရက်နေ့ ညက မာရသာ (Maarutha)မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)