Environment, Disasters & Accidents
မြန်မာ့ပင်လယ်ပြင်တွင် အင်အား ၄.၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ပုသိမ်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၇၀) မိုင်ခန့် ကွာဝေးသော (မြန်မာ့ပင်လယ်ပြင်) တွင် အင်အားရစ်ချ်တာစကေး(၄.၈)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ သတင်းထုတ်ပြန်ရေးမှူး၊ဒုတိယဦးစီးမှူးက “အနက် (၁၃၄) ကီလိုမီတာကို ဗဟိုပြုပြီးလှုပ်ရှားသွားတာပါ။ အင်အား အနည်းငယ်ပဲလှုပ်ခဲ့တာပါ’’ ဟုဆင်ဟွာကိုပြောသည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၂၂)နာရီ (၃၇)မိနစ် (၁၉)စက္ကန့် အချိန်တွင် မြောက်လတ္တီတွဒ် (၁၄.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၉) ဒီဂရီ၊ အနက် (၁၃၄) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ (Xinhua)