Connect with us

Environment, Disasters & Accidents

ငဝန်မြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

မြစ်ရေခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ငဝန်မြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့တွင် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်း ထုတ်ပြန်သည်။

ငဝန်ဖြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက် (၃)လက်မခန့်တွင် ရောက်ရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလ မှ အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.