Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများ ဖြစ်ပေါ်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီ ၃ရက် ညနေပိုင်းတွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် အပျက်အစီးများရှိကြောင်း သိရသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေများပါတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုကျခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းနှင့် သစ်ပင်များပြိုလဲမှုကြောင့် ကားများ ပျက်စီးခြင်းတို့ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးပြင်းထန်စွာ ရွာသွန်းပြီး လေများတိုက်ခိုက်မှုကြောင့် မြို့များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လက်ရှိ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း၊ သစ်ပင်များပြိုလဲမှုကြောင့် ကားအများအပြား ထိခိုက်ပျက်စီးခဲ့ ကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်းရှိ သရက်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ပုဇွန်တောင်မြို့နယ်၊ ၅၂လမ်း အလယ်ဘလောက်တွင် သစ်ပင်များပြိုကျခြင်း၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းပေါ်တွင်လည်း သစ်ပင်များပြိုကျပြီး ကားများ ပိခြင်းနှင့် YBS 56 ယာဉ်တစ်စီးသည် သူနာပြုတက္ကသိုလ်အနီး မီးပွိုင့်တွင်ရပ်နားနေစဉ် သစ်ကိုင်းပိခြင်းစသည့် တို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေမိုးများတိုက်ခတ်ပြင်းထန်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးထား သောဓာတ်အားလိုင်းများတွင် ဓာတ်အားလိုင်းတိုင်များပေါ်သို့ သစ်ပင်များလဲကျကာ ဓာတ်အားလိုင်းအပြစ်များ ဖြစ်ပေါ်နေသဖြင့် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်းနှင်. ဓာတ်အားအမြန်ပြန်လည်ရရှိရေးကို ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကျဲကျဲ နှင့် နေရာကွက်ကြား မိုးရွာသွန်းနိုင်ကြောင်း ၊

တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့သတင်းထုတ်ပြန်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.