Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုများကြောင့် လူပေါင်း၂သိန်းကျော် ရေဘေးသင့်ပြီး ၄ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး တောင်သမန်အင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ယခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူပေါင်း ၂သိန်းကျော် ရေဘေးသင့်ပြီး ၄ဦးသေဆုံးခဲ့ကြောင်း ယနေ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦးနှင့် ကချင်ပြည်နယ်တွင်၂ ဦး သေဆုံးခဲ့သည်။
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင် ၁၅ ရက်နေ့မှ သြဂုတ်လ ၄ ရက်အတွင်း ရေဘေးသင့်သူပေါင်း ၂၃၀၀၀၀ကျော်ရှိနေပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။
ယင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုပေါင်း ၅ သောင်းခွဲကျော်၊ ပြောင်းရွှေ့အိမ်ခြေပေါင်း ၅ သောင်းကျော်ရှိပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးဒုက္ခ ပိုမိုခံစားနေရသည်။
ရေဘေးသင့်ပြည်သူများကို အစိုးရအနေဖြင့် ကျပ်သန်းပေါင်း ၁၁၃ သန်းကျော် သုံးစွဲထားပြီး အစား အသောက်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ကူညီထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အရေးပေါ်စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားပြီး ခရိုင်နှင့် မြို့နယ်အဆင့်တို့တွင်လည်း ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းအောင်မြင်ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ရေတိုရေရှည် အစီအမံများချမှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းစ မိမိတို့နိုင်ငံအနေဖြင့် အရေးပေါ်စီမံခန့်ခွဲမှု အရေးကြီးကြောင်း၊ အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရန် လိုကြောင်း ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.