Environment, Disasters & Accidents
ရွှေပြည်သာမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေများစွာ ပျက်စီး

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယနေ့ နံနက် ၃နာရီ ၂၀မိနစ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေများစွာ ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၁)ရပ်ကွက်၊ (၁၃) ရပ်ကွက်၊ (၁၉)ရပ်ကွက်၊ (၂၀)ရပ်ကွက် များတွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေပြည်သာမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယင်း လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်များသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သွားရောက်စစ်ဆေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)