Environment, Disasters & Accidents
ရှမ်းပြည်နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် စိုက်ခင်းဧက ၁၃၀၀ ကျော်ရေဝင်နစ်မြုပ်မှုဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သပြေပင်နောက်ရွာပါ ၇ ရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့် စပါး၊ ပဲ၊ ကွမ်းစိုက်ခင်း ၁,၃၅၉ ဧကခန့် ရေဝင်နစ်မြုပ်သဖြင့် ပျက်စီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတောင်ကျရေစီးဆင်းမှုကြောင့် ယခုကဲ့သို့ စိုက်ခင်းများပျက်စီးရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)