Environment, Disasters & Accidents
ရှိမ်းမကား ဘေးမဲ့တောကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ဖွဲ့စည်းမည်
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဝက်လက်မြို့နယ် အတွင်း၌ရှိသော ရှိမ်းမကားဘေးမဲ့တောကို တောရိုင်းတိရစ္ဆာန် များနေထိုင်ကျက်စားနိုင်ရန် ရည်ရွယ်၍ လာမည့်နှစ်တွင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဘေးမဲ့တောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ဖွဲ့စည်းရန် ယင်းဘေးမဲ့တောအတွင်း နေထိုင်ကျက်စား လျက်ရှိသော တောရိုင်းတိရစ္ဆာန်များ၏ စာရင်းကိုကောက်ယူနေပြီး ဧရိယာပမာဏ တိုင်းတာခြင်းများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ရှိမ်းမကား ဘေးမဲ့တောအတွင်း၌ သဘာဝအပင်များစွာ တည်ရှိသကဲ့သို့ တောရိုင်းတိရစ္ဆာန် မျိုးစုံလည်း နေထိုင်ကျက်စား လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)