Connect with us

Environment, Disasters & Accidents

မှော်ဘီမြို့ ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ငလျင်လှုပ်ခတ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ယနေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် မှော်ဘီမြို့ ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့် ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြသည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ငလျင်ဌာနခွဲ) မှ တာဝန် ရှိသူတစ်ဦး က “အင်အား ရစ်(ခ်)တာစကေး က ၃.၄ ပဲရှိတော့ အရမ်းနည်းတယ်။ အနီးမှာရှိတဲ့ လူတွေတောင် ငလျင်လှုပ်တာကို ခံစားမိချင်မှ ခံစားမိမယ်’’ ဟု ဆင်ဟွာကိုပြောသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၄၀)မိနစ် (၀၁)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၇)မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြိ့ု၏ အရှေ့တောက်ဘက်(၄)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.