Environment, Disasters & Accidents
သုံးခွမြို့နယ်၌ ထူးကဲဒီရေဝင်ရောက်မှုကြောင့် လယ်သမားတာ ကျိုးပေါက်
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာတွင် ဩဂုတ်လ ၁၂ ရက် ၃ နာရီခွဲက ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ဆည်မြောင်းစွန့်ပစ်တာ (လယ်သမားတာ)သည် ပေ ၂၀ ခန့် တစ်နေရာနှင့် ပေ ၃၀ ခန့်တစ်နေရာ တာကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တာကျိုးပေါက်ပြီး ပင်လယ်ဒီရေ ဝင်ရောက်သဖြင့် ပင်လယ်ကမ်းစပ်အနီး နေထိုင်သော လူနေအိမ်(၂၅)လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်အလားတူ ညနေ ၄ နာရီခွဲတွင် ထွန်းစိန်ကျေးရွာတွင် မုတ္တမ ပင်လယ်ကွေ့ ပင်လယ်ဒီရေ မြင့်တက်လာမှုကြောင့် ထွန်းစိန်ကျေးရွာရှိ လယ်သမားများ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသော တာမှာ ပင်လယ် ဒီရေကြောင့် ပေ ၃၀ ခန့်တစ်နေရာ ကျိုးပေါက်ခဲ့ပြီး ပင်လယ်ဒီရေ ဝင်ရောက်လာသဖြင့် ပင်လယ်ကမ်းစပ်အနီး နေထိုင်သော တံငါတဲ(၂) လုံး ရေထဲ မျောပါ ပျက်စီးသွားခဲ့ပြီး (၁၅)လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။(Xinhua)