Environment, Disasters & Accidents
သြဂုတ်လ ပထမပတ်တွင် လေဖိအား နည်းရပ်ဝန်းမှ မုန်တိုင်းငယ် ဖြစ်နိုင်

ရန်ကုန်၊ ဇူလိုင်၂၈ ရက် (ဆင်ဟွာ)
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ပထမ (၁၀) ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် ရွာသွန်းမြဲထက် ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၇) ရက်မှ (၉) ရက်ခန့် မိုးထစ်ချုန်း ရွာနိုင် သည်ဟူ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)