Environment, Disasters & Accidents
ဟုမ္ပလင်း မြို့နယ် နှင့် ဖောင်းပြင် မြို့နယ် မြစ်ရေကြီးမှု အန္တရာယ် ကြုံတွေ့နိုင်သည့် သတိပေးချက် မိုး/ဇလ ထုတ်ပြန်
ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ချင်းတွင်း မြစ်ရေ ကြီးလာနိုင်သဖြင့် ဟုမ္ပလင်း မြို့နယ်နှင့် ဖောင်းပြင် မြို့နယ် အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူး သတိပြု နေထိုင် ကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး အကြံပြုချက် ထုတ်ပြန်ခဲ့သည်။
မြစ်ရေ ကြီးခြင်း သတိပေးချက် အနေဖြင့် ယနေ့ဇူလိုင်လ ၄ ရက် နံနက်ပိုင်း အချိန် တိုင်းတာချက် အရ ချင်းတွင်း မြစ်ရေသည် ဟုမ္ပလင်း မြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်တွင် ရောက်ရှိနေပြီး မြစ်ရေသည် နောက် ၁ ရက် အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ချင်းတွင်း မြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ၅ ပေခန့်တွင် ရောက်ရှိနေပြီး မြစ်ရေသည် နောက် ၂ ရက် အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သတိပေး ထုတ်ပြန်ခဲ့သည်။ (Xinhua)