Connect with us

Environment, Disasters & Accidents

ဧပြီလ ၃၀ ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်

နတ်မောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးနောက် ပျက်စီးမှုများအားတွေ့ရစဉ်

ရန်ကုန်၊ မေ ၁ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်၊ ကယားပြည်နယ် ဘော်လခဲခရိုင် ရွာသစ်မြို့တို့တွင် ဧပြီလ ၃၀ တွင် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ပျက်စီးခြင်း၊ ထီးတော်များမြေခခြင်း၊ စာသင်ကျောင်းတချို့ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် က လေပြင်း တိုက်ခတ်ခဲ့ကြောင်း၊ ၎င်းလေပြင်းတိုက်ခတ်မှုကြောင့် ဝါပန်ကျေးရွာ မူလ တန်းကျောင်း၊ ရေထွက်အုပ်စု အောင်ချမ်းသာ အ.မ.က (ခွဲ)၊ ရှမ်းကုန်းကျေးရွာ မူလွန်နှင့် နေအိမ် (၁၆) လုံး၊ ဂွေးကုန်ကျေးရွာ အ.လ.က (ခွဲ)နှင့် နေအိမ် (၂၂) လုံးဖန်းခါးစမ်းကျေးရွာ အ.ထ.က(ခွဲ)၊ လင်းကတိုးအုပ်စု စမ်းကန်ကျေး ရွာ နေအိမ် ၃ လုံး၊ နတ်မောက်မြို့ အောင်ဆန်း အ.လ.က ကျောင်းတို့တွင် သွပ်မိုးများ၊ ထရံများ ပျက်းစီးခဲ့ကြောင်း သတင်း ရရှိသည်။
ဧပြီလ ၃၀ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် စဉ့်ကိုင်မြို့ ရန်အောင်မြင် ရပ်ကွက်ရှိ ရွှေကျီးနားစေတီတော် ထီးတော် မြေခခြင်း၊ တရုတ်စု ရပ်ကွက် တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းအတွင်းရှိ အလယ်စေတီ ထီးတော်မြေခ ခြင်းနှင့် ကျောင်းဆောင်အမိုးများ ပျက်စီးခြင်း၊ ဝါးရင်း တုတ်ကျေးရွာတွင် ရွှေစည်းခုံစေတီ ထီးတော်မြေခ ခြင်းများဖြစ်ပေါ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးနောက် ပျက်စီးမှုများအားတွေ့ရစဉ်

နတ်မောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးနောက် ပျက်စီးမှုများအားတွေ့ရစဉ်
ထို့ပြင် စဉ့်ကိုင်မြို့ ရန်အောင်မြင်ရပ်ကွက် ကာတိုက်တန်း၊ ဧဒင်စားသောက်ဆိုင်နှင့် ပြည်ခိုင်ဖြိုးပါတီရုံး အဆောက်အဦ အမိုးများ ပျက်စီးခြင်း၊ လင်းရောင်သစ် ကိုယ်ပိုင် အထက်တန်းကျောင်းဆိုင်းဘုတ်များ ပြိုကျခြင်း၊ နေအိမ်(၇)လုံး အိမ်ခေါင်များပြုတ်ကျခြင်း၊ နေအိမ်(၁၂)လုံးနှင့် ကြက်ခြံအမိုးများ ပျက်စီးခြင်း၊ တရုတ်စုရပ်ကွက်တွင် နေအိမ်(၂)လုံးအမိုးများ ပျက်စီးခြင်း၊ အိန်ဂျယ်လက်ဖက်ရည်ဆိုင်ရှေ့ အဖီပြိုကျခြင်း၊ ရန်နိုင်ရပ်ကွက် ကုက္ကိုပင်ကိုင်းများ ကျိုးကျခြင်းကြောင့် နေအိမ်(၂)လုံး ပျက်စီးခြင်း၊ နေအိမ် (၆)လုံး အမိုးများ ပျက်စီးခြင်း၊ သိန်းနီကုန်းကျေးရွာတွင် ဖားလင်ပိုး ဇာတ်ရုံ အဆောက် အဦ ပြိုကျခြင်း၊ ကသဲစုကျေးရွာ တွင် နေအိမ်(၈)လုံး အိမ်ခေါင် များ ပြုတ်ကျခြင်းနှင့် နေအိမ်(၄)လုံးအမိုးများ ပျက်စီးခြင်း၊ ဝါးရင်းတုတ်ကျေးရွာ တွင် နေအိမ်(၈)လုံး အိမ်ခေါင်များပြုတ်ကျခြင်းနှင့် နေအိမ်(၇)လုံးအမိုးများ ပျက်စီးခြင်း၊ အုန်းပင်လဲကျပြိုကျပြီး နွား(၁)ကောင် ဒဏ်ရာရရှိခြင်း၊ ကြက်စိမ့်ကျေးရွာတွင် နေအိမ်(၃)လုံး အမိုးများ ပျက်စီးခြင်း၊ စဉ့်ကိုင်ကြီး ကျေးရွာတွင် နေအိမ်(၆)လုံး အိမ်ခေါင်များ ပြုတ် ကျခြင်းနှင့် နေအိမ်(၇)လုံး အမိုးများပျက်စီးခြင်း၊ သင်တောင်းကျေးရွာတွင် သစ်ပင်များလဲကျခြင်း၊ ကုန်းနီကျေးရွာတွင် မြေစိုက်တဲ(၆) လုံးပြိုကျခြင်း၊ နေအိမ်(၃၀)လုံး အမိုးများပျက်စီးခြင်း၊ လက်ဝဲကျေးရွာ တွင် နေအိမ်(၃)လုံး ပြိုကျခြင်းနှင့် နေအိမ် (၁၆)လုံး အမိုးများပျက်စီးခြင်း၊ ဝန်းသိုကျေးရွာတွင် နေအိမ်(၁)လုံး ပြိုကျခြင်းနှင့် နေအိမ် (၁၅)လုံး အမိုးများ ပျက်စီးခြင်း၊ ကြည်ကျေးရွာကျေးရွာတွင် နေအိမ်(၃)လုံး ပြိုကျပြီး နေအိမ် (၃၀)လုံး အမိုးများ ပျက်စီးခြင်း၊ မဲဇာကျေးရွာ တွင် နေအိမ်(၁၆)လုံး အမိုးများ ပျက်စီးခြင်းနှင့် ကြက်ခြံအဆောက် အဦ (၄)လုံးပြိုကျခြင်း၊ မြို့ဝန် ကျန်း ကျေးရွာ တွင်နေအိမ်(၁)လုံး ပြိုကျခြင်းနှင့်နေ အိမ်(၉)လုံး အမိုးများ ပျက်စီးခြင်းနှင့် ကြက်ခြံ(၁)ခြံ ပြိုကျခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ဘော်လခဲခရိုင် ရွာသစ်မြို့တွင်လည်း ဧပြီလ ၃၀ ရက်နေ့ ညနေ (၃း၄၅ မိနစ်) အချိန်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်နှင့် ၂၀၁၄-၂၀၁၅ ခုနှစ် ကျပ်သိန်း ၂၀၀၀ ဖြင့် ဆောက်လုပ်ထားသော အထက ရွာသစ် အထက်တန်းကျောင်း ပျက်စီးဆုံးရှုံးမှုကို သိရှိခဲ့ရကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.