Environment, Disasters & Accidents
ကလေးဝ-ကလေး ကားလမ်းပိုင်းနှင့် အနီးဝန်းကျင်၌ ယမန်နေ့နံနက် ၅ နာရီခန့်က မြေလွှာ ပြတ်ရွေ့မှု ဖြစ်ပေါ်
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ် ချောင်းကျဉ်းရွာအနီး ကလေးဝ-ကလေး ကားလမ်းပိုင်းနှင့် အနီးဝန်းကျင်၌ ယမန်နေ့နံနက် ၅ နာရီခန့်က မြေလွှာ ပြတ်ရွေ့မှု ဖြစ်ပေါ် ခဲ့သဖြင့် လူနေအိမ် အချို့ ပြောင်းရွှေ့ထား ရကြောင်း ကလေးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြေလွှာ ပြတ်ရွေ့မှုသည် ကလေးဝမြို့မှ ၆ မိုင် ၄ ဖာလုံ ကွာဝေးသည့် ကလေးမြို့ ကြားရှိ ကတ္တရာကားလမ်း သည် ကန့်လန့်ဖြတ် အက်ကွဲကြောင်းများ ဖြစ်ခဲ့ခြင်း၊ အဆိုးရွားဆုံး နေရာမှာ လေးပေ အနက်ထိ ပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ကလေးဝ-ကလေး ကားလမ်းသည် မြစ်သာမြစ် အနောက်ဘက် ကမ်းနှင့်အပြိုင် ဖောက်လုပ် ထားပြီး ၂၄ မိုင်ခန့် ရှည်လျားကြောင်း၊ ကလေးခရိုင် လမ်းဦးစီးဌာန အနေဖြင့် ကလေးဝ- ကလေး ကားလမ်းပိုင်း သည် မြစ်သာ မြစ်ကမ်းပါးပြိုခြင်း၊ မြေလွှာ ပြတ်ရွေ့မှုကြောင့် ပျက်စီးခဲ့ပါက အခြား လမ်းကြောင်းသစ် တစ်ခုကို အသုံးပြုနိုင်ရန် ကြိုတင် ရှာဖွေလျက် ရှိကြောင်း ကလေးခရိုင်လမ်း ဦးစီးဌာန မှ သိရသည်။ (Xinhua)