Environment, Disasters & Accidents
ကျိုင်းလပ်မြို့၌ မြို့အဝင်တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှုဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ယနေ့ နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင်တံတားချဉ်းကပ်လမ်း ချောင်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ ကျိုင်းလပ်မြို့အဝင်တံတားမှာ အရှည်ပေ(၆၀)၊ အကျယ်(၂၄)ပေရှိပြီး၊ ချောင်းရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်း ကတ္တရာလမ်း(၆)ပေ နှင့် မြေသား (၄) ပေခန့် ပျက်စီးခဲ့ရာ ခရိုင်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်မင်းဦး၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်နှင့် ကျိုင်းလပ်မြို့မှ အင်ဂျင်နီယာ ဦးမျိုးမင်းတို့က ကြီးကြပ်၍ ပြန်လည် ပြုပြင် ဆောင်ရွက်လျက်ရှိပြီး ယာဉ်အသွားအလာများ ပြတ်တောက်မှု မရှိဘဲ ပုံမှန်သွားလာလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)