Connect with us

Environment, Disasters & Accidents

အင်အား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မြောက်လတ္တီ တွဒ် ၁၇.၀၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၀ ဒီဂရီ၊ အနက် (၂၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါငလျင် သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၃၆)မိနစ်၊ (၃၃)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ၎င်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.