Connect with us

Environment, Disasters & Accidents

ကြိုးကြာခေါင်းနီ ငှက်သိုက် ၅ဝ အား မအူပင်၊ ပန်းတနော်၊ အိမ်မဲ၊ ဝါးခယ်မမြို့တို့တွင်တွေ့ရှိ

ကြိုးကြာခေါင်းနီတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမြို့နယ်လေးမြို့ နယ်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ၅ဝခု တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာန၊ မအူပင် တက္ကသိုလ်နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲများထိန်း သိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၌ ကြိုးကြာခေါင်းနီ ငှက်သိုက်များကို မအူပင်မြို့နယ်တွင် ၁၅ သိုက်၊ ပန်းတနော်မြို့နယ်တွင် နှစ်သိုက်၊ အိမ်မဲမြို့နယ်တွင် နှစ်သိုက်နှင့် ဝါးခယ်မမြို့နယ်တွင် ၃၁ သိုက်တို့ကို တွေ့ရှိမှတ်တမ်းတင် ထားနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကြိုးကြာခေါင်းနီအသိုက် များကို ဒေသခံလယ်သမားများက သတင်းပေးခြင်းဖြစ်ပြီး အတည်မပြု နိုင်သေးသော ကြိုးကြာငှက်သိုက် များလည်း ကျန်ရှိနေသေးသည်။ သတင်းပေးသောဒေသခံများကိုလည်း အစီအစဉ်အရ ဂုဏ်ပြုခဲ့သည်။

ကြိုးကြာခေါင်းနီများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်ပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂ဝ၁၆ ခုနှစ် သုတေသနပြုလုပ်ချက်အရ အသိုက် ၃၇ သိုက်ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းဒေသတွင် ကြိုးကြာခေါင်းနီ များမှာ အကောင်ရေ ၂ဝဝ မှ ၄ဝဝ အတွင်းသာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားသည်။ ကြိုးကြာခေါင်းနီငှက်သိုက်များကို မြန်မာတစ်နိုင်ငံ လုံးတွင် အကောင်ရေ ၅ဝဝ ခန့် ကျန်ရှိနိုင်ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။

ကြိုးကြာငှက်သည် ၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ အရ လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.