Environment, Disasters & Accidents
ချင်းတွင်းမြစ် အတွင်း နစ်မြုပ်ခဲ့သည့် အမြန်ရေယာဉ် ဆယ်ယူရေး လုပ်ငန်း ဆောင်ရွက်မှု ပြီးစီး ၊ သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်း ဆယ်ယူ ရရှိ

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)
ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ် တစ်စင်းလုံး ပေါ်အောင် အောက်တိုဘာ ၂၀ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်း ဆယ်ယူ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။
အောင်စိုးမိုးကျော် အမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်း အချိန်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၅၉ ဦးကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ကြောင်း ၊ ခရီးသည်များပါရှိသည့် ပစ္စည်းများကို သက်ဆိုင်ရာ တာဝန် ရှိသူများမှ ပစ္စည်း ပိုင်ရှင်များထံသို့ အမှန်တကယ် ရောက်ရှိနိုင်ရေး စနစ်တကျ ပြန်လည် ပေးအပ်နိုင်ရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမြန်ရေယာဉ် နစ်မြုပ်မှု ဖြစ်ပွားမှု အပေါ် ပြည်ထောင်စု အစိုးရ အဖွဲ့မှ စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူ များကို ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များ အတွက် သက်ဆိုင်ရာ ဌာနများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)