Environment, Disasters & Accidents
ချင်းပြည်နယ်အတွင်း တောင်စောင်းမြေကြီးအက်ကွဲလာပြီး မြေပြိုကျနိုင်သဖြင့် နေအိမ်များ ပြောင်းရွေ့

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအထက်၊ တောင်စောင်းပေါ်ရှိ မြေကြီးအက်ကွဲကြောင်းများပေါ်ကာ မြေပြိုကျနိုင်သဖြင့် သြဂုတ် ၂၆ ရက်၌ နေအိမ်များ ပြောင်းရွှွေ့ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
တောင်စောင်းမြေကြီးအက်ကွဲလာ၍ မြေပြိုကျနိုင်သဖြင့်နေအိမ်မျုား ပြောင်းရွေ့ပေးနေစဉ်(မီးသတ်ဦးစီးဌာန)
တောင်စောင်းမြေကြီးအက်ကွဲလာ၍ မြေပြိုကျနိုင်သဖြင့်နေအိမ်မျုား ပြောင်းရွေ့ပေးနေစဉ်(မီးသတ်ဦးစီးဌာန)
အဆိုပါ တောင်စောင်းပေါ်၌ မြေကြီးအက်ကွဲကြောင်းများပေါ်နေပြီး မြေပြိုကျမှုဖြစ်ပွားနိုင်သဖြင့် ဖလမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် ပြိုကျနိုင်မည့်နေအိမ်များမှ မိသားစုများအား ဘေးလွတ်ရာဆွေမျိုးများ၏နေအိမ်များသို့ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။(Xinhua)