Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီးရှိ ကျောက်မီးသွေးတွင်းမြေပြိုကျမှုကြောင့် ပိတ်မိနေသောလူ ၄ဦးအနက် ၂ဦးသေဆုံးလျက်ရှာတွေ့


ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ ဆပ်ပြာကုန်းကျေးရွာအနီးရှိ ကျောက်မီးသွေးတွင်း မြေပြိုကျမှုကြောင့် လူ၄ ဦးပိတ်မိလျက်ရှိရာမှ လူ ၂ဦးသေဆုံးလျက်ရှာတွေ့ကာ ကျန်လူ ၂ဦးအား ဆက်လက်ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အင်ကြင်းတောင် ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီမှ တူးဖော်လုပ်ကိုင်နေသော အဆိုပါ ကျောက်မီးသွေးတွင်းသည် သြဂုတ် ၂၅ ရက် ည ၈ နာရီကျော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဝင်၍ မြေပြိုကျပြီး အလုပ်သမား ၄ ဦးပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မီး သွေးတွင်းထဲမှ ရေများအား ရေစုပ်စက်ဖြင့်စုပ်ယူပြီး ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၆ ရက်တွင် အလုပ်သမား၂ဦးအား ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းတို့တွင် အရေပြားအနည်းငယ်ပွန်းပဲ့ ဒဏ်ရာများဖြင့် သေဆုံးလျက် တူးဖော်ရရှိခဲ့ပြီး မင်းလှမြို့ ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြေပြိုကျမှုဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းအားတွေ့ရစဉ်(MOI)

ဆက်လက်ပြီး ပိတ်မိနေသော အလုပ်သမား ၂ဦးကိုလည်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117