Connect with us

Environment, Disasters & Accidents

ငပလီကမ်းခြေအနီး အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ယနေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၁၁)မိနစ် (၄၄)စက္ကန့် အချိန်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ၏ တောင်၊ အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ ၊ ငပလီကမ်းခြေအနီး အနက် (၃၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးဦးသန့် က “ ဒီငလျင်က ငပလီ နဲ့ ပိုနီးတယ်။ အင်အား ရစ်(ခ်)တာစကေး ၄.၆ ကလှုပ်ရှားမှုကို သိရုံလောက်ပဲရှိတယ်။ အင်အား ရစ်(ခ်)တာစကေး ၆.၅ အထက်မှ ဆူနာမီသတိပေးချက် ထုတ်ပြန်တာပါ။ ဂွဘက်ကလည်း လှုပ်ရှားမှုကို ခံစားမိပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ယခုလှုပ်ရှားသည့် ငလျင်ဗဟိုချက် သည် ငပလီကမ်းခြေအနီးတွင် ဖြစ်ပြီး ငပလီကမ်းခြေ ဟိုတယ်များလည်း ငလျင်လှုပ်ရှားမှုအား သတိပြုမိခဲ့ကြောင်း သိရသည်။

ငပလီကမ်းခြေရှိ Silver Beach ဟိုတယ်မှ မန်နေဂျာဦးအောင်မျိုးထိုက် က “ငလျင်လှုပ်ရှားမှုကိုတော့ ကျွန်တော်တို့သိလိုက်ပါတယ်။ လှုပ်ရှားမှုက ခဏပဲကြာပါတယ်။ ငလျင်နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကိုတော့ ကျွန်တော်တို့ဟိုတယ်မှာတော့ကြော်ငြာစာရွက်လေးတွေကပ်ပေးထားပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.