Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ ၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ တွင် အင်အား ၄.၃ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ ၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၁၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး(၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည်၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၃၅)မိနစ် (၂၇)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။ (Xinhua)