Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေပြိုကျပြီး သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအုပ်စု တောင်ညိုရွာသစ်ကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျောက်ဆွေးမြေများတူးရာမှ မြေပြိုကျမှု ဖြစ်ပွားပြီး သုံးဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်
အဆိုပါ မြေပြိုကျကြောင့် ထော်လာဂျီယာဉ် ၂စီးနှင့် လူ ၄ဦး ပိမှုဖြစ်ပွားခဲ့ကြောင်း ၊ ထော်လာဂျီတစ်စီး နှင့် စိုးရိမ်ဖွယ် အခြေအနေရှိ ဒဏ်ရာရသူ တစ်ဦးကို ဦးစွာ ကယ်တင်နိုင်ခဲ့ပြီး ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်စဉ် ကျောက်တုံးများပိမိ၍ ပျက်စီးနေသော ထော်လာဂျီတစ်စီးနှင့် လူသေအလောင်း သုံးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထွေလာဂျီနှစ်စီးဖြင့် ကျောက်ဆွေးမြေများတူးရာမှ ကျောက်ကမ်းပါးပြိုကျသဖြင့် ပိမိကာ သုံးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။(Xinhua)