Connect with us

Environment, Disasters & Accidents

ဆားမလောက်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၁၁) စု ၊ ကမ်းပါးအက်ကြောင်းဖြစ်သည့်အတွက် ကမ်းနှင့် ဝေးရာသို့ပြောင်းရွှေ့

ဆားမလောက်ကျေးရွာတွင် ကမ်းပါးများအက်ကြောင်းဖြစ်ပေါ်မှုအားကြည့်ရှုနေကြစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အုပ်စု၊ ဆားမလောက်ကျေးရွာ ရှိ အိမ်ထောင်စု (၁၁) စုသည် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများဆက်တိုက်အက်ကြောင်း များ ဖြစ်ပေါ်လျက်ရှိရာ မြစ်ကမ်းနှင့်နီးကပ်လျက်ရှိသည့် လူနေအိမ် (၁၁) လုံးကို ထိုကမ်းနှင့် ဝေးရာသို့ ဇန်နဝါရီ ၃ ရက်တွင် ရွာသူ၊ ရွာသား များ၊ ကျေးရွာတာဝန်ရှိသူများက စုပေါင်းပြောင်းရွှေ့ခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့သွားရသည့်မိသားစုမျုားသည် အကူအညီများလိုအပ်လျက်ရှိပြီး မြို့နယ်အဆင့်တာဝန်ရှိသူများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်နိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.