Environment, Disasters & Accidents
ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့မှုကြောင့် ပျက်စီးခဲ့သော ရန်ကုန်-မန္တလေး လမ်းအဟောင်းတွင် မော်တော်ယာဉ်များ ယနေ့ ဖြတ်သန်းနိုင်မည်

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ရန်ကုန်-မန္တလေး လမ်းအဟောင်းကို ယနေ့ပြုပြင်ပြီး မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လမ်းဟောင်း၌ မော်တော်ယာဉ်ငယ်များ ယနေ့ နေ့လည်ပိုင်းခန့်တွင် ပြန်လည်ဖြတ်သန်းနိုင်ရန်နှင့် ယာဉ်ကြီးများလည်း ညနေပိုင်းခန့်တွင် လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်-မန္တလေး လမ်းအဟောင်း ရှိ ( Oriental Highway ကုမ္ပဏီမှ BOT စနစ်ဖြင့်တာဝန် ယူဆောင်ရွက်နေသည့် အပိုင်း) တွင် ရေတိုက်စားမှုကြောင့် မိုင်တိုင်အမှတ် (၁၉၉/ဝ) ၊၁၉၉/ဝအနီး ၄/၁၉၉ ( ၂၀ ) ပေတံတားပျက်စီးခဲ့ပြီး မန္တလေးဘက်ခြမ်းပေ(၃၀)ခန့် လမ်းသားပြတ်ကျသွား၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ကာ သက်ဆိုင်ရာ BOT ကုမ္မဏီမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ဒေသအာဏာပိုင်များပူးပေါင်း၍ အမြန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)